၉ မေ
သြစတြေးလျနိုင်ငံပိုက်ဆံ အော်စီဒေါ်လာ ၅၀ ပေါ်မှာ စာလုံးပေါင်းအမှားပါသွားတဲ့ကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ ထုတ်ဖော်ပြောကြားရင်း အဲဒီအတွက် အရှက်ရကြောင်း ဗဟိုဘဏ်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လူထုအတွင်း ရောက်ရှိလာတဲ့ အဝါရောင်နဲ့ အစိမ်းရောင် ငွေစက္ကူ အော်စီဒေါ်လာ ၅၀ ပေါ်မှာ စာလုံးပေါင်း အမှားပါခဲ့တာဖြစ်ပါတယ်။
အဲဒီငွေစက္ကူမှာ လုံခြုံရေးအတွက် လုပ်ဆောင်ချက်တွေ အများအပြားပါခဲ့ပြီး သြစတြေးလျရဲ့ ပထမဦးဆုံး အမျိုးသမီး လွှတ်တော်အမတ် အီဒစ်ကိုဝမ် ပုံပါရှိပါတယ်။

၁၉၂၁ ခုနှစ် အီဒစ်ကိုဝမ် ရဲ့ လွတ်တော်မှာ ပထမဦးဆုံးပြောကြားတဲ့ မိန့်ခွန်းထဲက စာကြောင်းကို လုံခြုံရေးလုပ်ဆောင်ချက်အနေနဲ့ ထည့်သွင်းထားရာ မိန့်ခွန်းတွင်ပါရှိတဲ့ "responsibility" မှာ “i” မပါတာကို ထုတ်ဝေပြီး ၇ လအကြာမှ သတိပြုမိတာဖြစ်ပါတယ်။အဲဒီငွေစက္ကူ ထုတ်လုပ်ရန် အော်စီ ၃၅ ဒေါ်လာကုန်ကျတယ်လို့ သိရပါတယ်။
ဒီငွေကြေးကို သုံးစွဲသူတွေကြားကနေ ပြန်လည်သိမ်းယူမှာ မဟုတ်ပေမယ့် နောင် ထပ်ရိုက်မယ့် ငွေစက္ကူမှာတော့ ပြင်ဆင်သွားမယ်လို့ သိရပါတယ်။
အီဒစ်ကိုဝမ် လွှတ်တော်မှာ ပါဝင်စဉ်က အသက် ၆၀ ရှိနေပြီဖြစ်ပါတယ်။ သူမ ပါဝင်လာခြင်းအားဖြင့် အမျိုးသမီးတွေအတွက် တခြားအသက်မွေးဝမ်းကျောင်း အလုပ်တွေမှာပါ လုပ်ပိုင်ခွင့်ရှိတာကို မျက်စိဖွင့်ပေးခဲ့ပါတယ်။
MDN
ကိုးကား -AFP