၂၆ ဖေဖော်ဝါရီ
အလုပ်လက်မဲ့ပြည်သူများ အလုပ်ရှာဖွေရန် ရွှေ့ပြောင်းသွားလာဖွယ်ရှိကြောင်း သြစတြေးလျ စာရင်းအင်းဗျူရို (ABS)မှ အချက်အလက်ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ (ABS) အရ ၂၀၁၁ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်ကြား အလုပ်အကိုင်ရှာဖွေရန် ရွှေ့ပြောင်းသွားလာနေကြသူများသည် လက်ရှိနေထိုင်သူ ၅၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် များပြားကြောင်း သိရသည်။
အလုပ်လက်မဲ့ အရေအတွက်နှင့် ၎င်းတို့၏ အလုပ်ရှာဖွေမှုအပြင် အလုပ်လက်မဲ့များ၏ သွားလာလှုပ်ရှားပုံကို ဖော်ပြထားကြောင်း၊ ၂၀၁၆ ခုနှစ်က အလုပ်သမားဦးရေ ၈၈ ရာခိုင်နှုန်း နှင့် ယင်းဒေသ နေထိုင်သူဦးရေ ၉၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၁ ခုနှစ်က မဲလ်ဘုန်းမြို့တွင် အလုပ်သမားများ နေထိုင်ကြကြောင်း (ABS) အချက်အလက် ပေါင်းစည်းရေးမိတ်ဖက်အစီအစဉ် မန်နေဂျာ စဲလ်လီမော့စ်က ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်က မဲလ်ဘုန်းမြို့မှ ဗစ်တိုးရီးယား ဒေသသို့ ရွှေ့ပြောင်းသွားလာခဲ့သူပေါင်း လေးသောင်း နှစ်ထောင်အနက် ၈၀ ရာခိုင်နှုန်းမှာ အလုပ်အကိုင်ရရှိကြကြောင်း စဲလ်လီမော့စ် က ထပ်လောင်းပြောကြားသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို