နေပြည်တော် ဇူလိုင် ၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Progr-amme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ ဆွေးနွေးပြောကြားမည့် အကြောင်းအရာသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ဆောင်ရွက်ရာတွင် အရေးပါသော စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဖိုး (Gross Domestic Product- GDP) တွက်ချက်ရာ တွင် လိုအပ်သည့် ကိန်းဂဏန်းများ မှန်ကန်စေရေးကို အထောက်အကူပြုသဖြင့် ဝန်ထမ်းများအားလုံး သိရှိထားရန် လိုအပ်ပါကြောင်း၊ GDP တွက်ချက်ရာတွင် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရ၏အသုံးစရိတ်နှင့် အသားတင်ပို့ကုန်တန်ဖိုးများကို ထည့်သွင်းတွက်ချက်ရသဖြင့် ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းများ မှန်ကန် စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို စနစ်တကျ စာရင်းရေးသွင်းရေးသည် အရေး ကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ စာရင်းအင်းအချက်အလက်များမှန်ကန်၍ အရည်အသွေးပြည့်ဝမှုရှိရန် အမြဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပြီး ဆွေးနွေးမည့်ခေါင်းစဉ်၏ အခြေခံ ဖြစ်သည့် နိုင်ငံတစ်နိုင်ငံ အတွက် စာရင်းအင်းအချက်အလက်များ၏ အရေးပါပုံနှင့် စာရင်းအင်းများ တိကျမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက် လိုအပ်သောအချက်အလက်များကို မိတ်ဆက်ဆွေးနွေးသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာ က “ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများနှင့်ကဏ္ဍများကို မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး လေ့လာဆန်းစစ် တင်ပြခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီးနှင့်တက်ရောက် လာကြသူများက ဆွေးနွေးမှု ခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိ လိုသည်များကို မေးမြန်းဆွေးနွေး ခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်