ရန်ကုန် ၂ မေ
ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနနှင့် အလှူရှင်များ ပူးပေါင်း၍ (ပထမ) အကြိမ် သောက်ရေသန့် ဂါလန် ၄၈၀ဝ အား သောက်ရေလိုအပ်နေသော ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ် (၉) ရပ်ကွက်နေ ပြည်သူများထံ မေ ၁ ရက် နံနက် ၁၁ နာရီက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သုံးခွမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အလှူရှင်များ၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သောက်ရေ အခက်အခဲဖြစ်နေသော သုံးခွမြို့နယ် အမှတ် (၉) ရပ်ကွက်၊ အောင်မင်္ဂလာပိုင်း၊ သီတာလမ်းရှိ ရပ်ကွက်နေ ပြည်သူများအား သောက်ရေသန့် ဂါလန် ၄၈၀ဝ အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


