ကျိုက်မရော ၂၅ မတ်
ကျိုက်မရောမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများအတွက် သောက်သုံးရေ အခက်အခဲများ ရှိနေသဖြင့် ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးစောထူးလေးနှင့်အဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် ယနေ့နံနက် ၈ နာရီမှ စတင်ကာ ရေအခက်အခဲ ကြုံနေရသည့် ဒေသခံများကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအချိန်တွင် ကျိုက်မရော မြို့အတွင်း နေရာအချို့တွင်ရေတွင်းရေကန်များ ၌ ရေများပြတ်လပ် လျက်ရှိပြီး သောက်သုံးရေ အခက်အခဲကို နေ့စဉ်ကြုံတွေ့နေရသဖြင့် စေတနာရှင်အလှူရှင်များမှလည်း ရေလှူဒါန်းပေးရန် စီစဉ်နေလျက်ရှိကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


