မိတ္ထီလာ၁၅ မေ

                      

မိတ္ထီလာမြို့နယ်၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော အရာတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့   မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က  သောက်သုံးရေ ဂါလန် ၁၆၀၀ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

          

မီးသတ်ဦးစီးဌာနမှ မြို့နယ်အအတွင်း သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါ  မီးသတ်ရေသယ်ယာဉ်များဖြင့် သွားရောက်၍ သောက်သုံးရေများအား လှူဒါန်းလျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသည့် ရွှေစစ်သည်ကျေးရွာအုပ်စု အောင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရန်အတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက ဂါလန် ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြေကြားခဲ့သည်။

           

ယခုနှစ်တွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် အရာတော် ကျေးရွာ၊  ရေချိုကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့်  ဂဠုံကုန်းကျေးရွာမှ ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေ တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် သွားရောက်၍လှူဒါန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။                                                                              

 

သိန်းမြင့်ကျော်(မိတ္ထီလာ)