ညောင်ဦး ၂ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေ အခက်ကြုံတွေ့နေကြောင်းသိရ၍ ယနေ့ နံနက် ၁၀ နာရီက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဦးသာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတ ရေလှူအသင်းက ဂါလန် ၁၅၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ကောင်းညိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့၊ ရတနာဘုံစံ တောရ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဦးသာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ ဦးဇော်ပွေး ဦးဆောင်သော ရေလှူအသင်းသားများက ရေဂါလန် ၁၅၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ သောက်သုံးရေဖူလုံစေရေး စာသင်ကျောင်းရှိ ရေလှောင်အုတ်ရေကန်အတွင်း ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )