နတ်တလင်း ၂၀ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အရှေ့ခြမ်းရှိ ပြည်ထောင်စုရန်ပုံငွေဖြင့် သောက်သုံးရေအခက်အခဲရှိနေသည့် ကျေးလက်ဒေသများတွင် ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆီဆုံကုန်းကျေးရွာအုပ်စု ရေနောက်ရွာ စက်ရေတွင်းတူးဖေါ်ပေးခြင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် နွားခြံကုန်းတောင်ရွာတွင် စက်ရေတွင်းတစ်တွင်း၊ အောင်မြန်မာ(၁)ကျေးရွာအုပ်စု ကွေ့ကြီးကျေးရွာတွင် စက်ရေတွင်းတစ်တွင်း၊ အောင်ရတနာကျေးရွာအုပ်စု ညောင်လှရွာတွင် အကျယ် ၂၄၅ ပေ၊ အနက်၂ပေ၊ အနံ ပေ ၁၉၀ ရှိ တိမ်ကောနေသောရေကန်အား ပြန်လည်တူးဖေါ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများအား မေ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲ၌ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်မြင့်(နတ်တလင်း)


