ညောင်ဦး ၁၈ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ညောင်လှကျေးရွာသို့ ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေ ဂါလန် ၃၀ဝ၀ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်လှကျေးရွာတွင် အိမ်ထောင်စု ၁၈၀၊ လူဦးရေ ၉၃၀ ခန့် နေထိုင်လျက်ရှိပြီး ယခုလို ပူပြင်းသည့်ရာသီတွင် နှစ်စဉ်သောက်သုံးရေ ရှားပါးသဖြင့် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းတို့မှ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


