မြို့သစ် ၁၇   မတ်

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သားမျှား ကျေးရွာအုပ်စု၊ သားမျှားကျေးရွာ၌ ကျေးရွာနေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေများ သုံးစွဲနိုင်ရေး အတွက် ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံးရေ ဘေးကင်းလုံခြုံမှု စစ်တမ်းများ လက်တွေ့ကွင်းဆင်း ကောက်ယူ ခဲ့ကြောင်း သိရသည်။

 

4

 

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အေးမြတ်သူနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက  ကျေးရွာ ရေကော်မတီဝင်များနှင့်အတူ သားမျှားကျေးရွာတွင် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော အိမ်တိုင်ရာရောက်ရေးပေးရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ လက်ရှိ သောက်သုံးရေ ရယူသုံးစွဲနေမှု အခြေအနေများကို စစ်တမ်းပုံစံများဖြင့် လက်တွေ့ကွင်းဆင်း ကောက်ယူ ကြပါသည်။

 

ထို့နောက် စစ်တမ်းများဖြင့် ကောက်ယူတွေ့ရှိသည့်အချက်များပေါ် ဝိုင်းဝန်းဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ တာဝန်ယူ ပြင်ဆင်ထိန်သိမ်းရမည့်သူများ၊ ပြီးစီးအောင် ဆောင်ရွက်ရမည့် အချိန်ကာလများကို သားမျှားကျေးရွာ ရေပေးရေးကော်မတီဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်အတူ သတ်မှတ်ကြပါသည်။

 

အဆိုပါ သောက်သုံးရေဘေးကင်းလုံခြုံမှုစစ်တမ်းကို မြို့သစ်မြို့နယ်အတွင်း သားမျှားကျေးရွာအပါအဝင် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ၁၁ ရွာ၌ ကွင်းဆင်း ကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

 

သန်းလွင်(မကွေး)