ရန်ကုန် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တွံတေးမြို့နယ်၊ မွေးမြူရေးဇုန်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်၍ မွေးမြူရေးဇုန်အဝင်လမ်း ခင်းကျင်းပြီးစီးမှုနှင့် လမ်းဘေးရေမြောင်းများ တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ တွံတေး-ဒလကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ရေပေးဝေရေးစခန်းသို့ရောက်ရှိ၍ 330 kw Solar Power Plant(PV System)ဆောင်ရွက်ထားရှိမှု ၊ Nano Filterဖြင့် ရေသန့်စင်မှု စနစ်ဖြင့် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ရေစုကန်(၂)ကန်နှင့် ရေသန့်စင် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒလမြို့နယ်သို့ ရေပေးဝေရေးစီမံကိန်း မြေနေရာ၌ ရေစုကန်တည်ဆောက်နေမှုနှင့်  ရေတွန်းစက်တည်ဆောက်နေမှု၊ ဒလမြို့နယ် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားစီမံကိန်းသို့ သွားရောက်၍ Toll Plaza တည်ဆောက်ရန် လျာထားသည့်မြေနေရာနှင့် ကမာကဆစ်စျေးရှေ့၌ EV Charging Station တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်