စလင်း ၁၈ မေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာ၌ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

မင်းလျင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာနှစ်တွင် မူလခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၅၀ သန်းဖြင့် လေးလက်မ၊ ပေ ၆၀၀ အဝီစိစက်ရေတွင်း တစ်တွင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိသော ရေစက်ရုံတစ်ခု၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများအား တင်ဒါအောင်မြင်သော မြင့်မိုရ်စံထား ကုမ္ပဏီမှ ဇန်နဝါရီလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စက်ရေတွင်း တူးဖော်ပြီးစီးနေပြီဖြစ်ပြီး တစ်နာရီလျှင် ရေဂါလံ ၁၈၀၀ ထိထွက်ရှိကာ၊ ရေစက်ရုံနှင့် စင်မြင့်ရေစင်မှာလည်း မကြာမီပြီးစီးတော့မည် ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ထံမှ သိရသည်။

ငြိမ်းသူ(စလင်း)