မင်းလှ   ၁၆  ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပင်္ဂကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေ ဖူလုံစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသော မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ပင်္ဂကျေးရွာတွင် စက်ရေတွင်းတစ်တွင်းရှိ သော်လည်း ရေငန်များသာထွက်ရှိ၍ မြေသားမိုးရေလှောင်ကန်များ ကိုသာ အဓိကထားသုံးစွဲနေရကြောင်း၊ နှစ်စဉ် နွေရာသီကာလရောက်ရှိတိုင်း သောက်သုံးရေများသွားလှူ‌ဒါန်း ပေးနေရခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ရန်ပုံငွေများဖြင့်  တူးဖော်နေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောသည်။

 

jhse

အဆိုပါမြေသားမိုးရေလှောင်ကန်ကို ၂၀၁၉- ၂၀၂၀ခုဘဏ္ဍာရေးနှစ် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၁ ဒသမ ၄၀သန်းဖြင့် အလျား၂၅၀‌ ပေ၊ အနံ ၆၀‌ ပေ၊ အနက် ၅ပေ တူးဖော်ခြင်းလုပ်ငန်း ကို တင်ဒါအောင်မြင်သော အောင်မြင့်မိုရ် ကုမ္ပဏီမှ ဒီဇင်ဘာ ပထမပတ်ကစ၍ တူးဖော် နေခြင်းဖြစ်သည်။

အဆိုပါမြေသားမိုးရေလှောင်ကန်တူးဖော် နေမှုအား သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ နှင့်ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး၊ ခရိုင်ဦးစီးမှူး မှလုပ်ငန်းများ အချိန်မီပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မှီရေး အလေးထားဆောင်ရွက်သွားကြ ရန်မှာကြားသည်။

ပင်္ဂကျေးရွာမြေသားမိုးရေလှောင်ကန်တူးဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၁၄၄ အိမ် မှလူဦးရေ ၆၀၅ ဦး အပြင် ကျွဲ နွား တိရစ္ဆာန်များအတွက် ပါနွေရာသီကာ‌လ သောက်သုံးရေဖူလုံရေး အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။


 ငြိမ်းသူ