ဂန့်ဂေါ   ၁၆   မတ်

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အန်းတားကျေးရွာသို့ ကန်သာကျေးရွာက ပရဟိတ ခေါင်းဆောင် ဦးကံထွားနှင့်အဖွဲ့က လှူဒါန်းသော သောက်ရေသန့်ဗူး ၁၀၀ အား ပါရမီရှင် နာရေးကူညီမှု အသင်းကားများဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက သောက်သုံးရေပြတ်လပ်နေသော အန်းတားကျေးရွာရှိ နေအိမ်များထံသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ပေးဝေရာတွင် ဇီးပြားကျေးရွာအုပ်စု၊ အန်းတားကျေးရွာအုပ်ချုပ်ရေးမှူး၊ "ပါရမီရှင်" နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးတင်သောင်းနှင့် ကျေးရွာနေပြည်သူများက ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)