နေပြည်တော်  ၃၀  ဇန်နဝါရီ  

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” အခမ်းအနားကို ဖေဖော်ဝါရီ (၁)ရက်မှ (၇)ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပမည် ဖြစ်ရာ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”မုခ်ဦးနှင့် တိုင်းရင်းသားရိုးရာပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ - ပြည့်နှစ်၊ ဖေဖော်ဝါရီ(၁)ရက် နံနက်(၇)နာရီခွဲတွင် လည်းကောင်း၊ “သွေးချင်းတို့ ရဲ့ပွဲတော်ဆီ (၂၀၂၀)” ဖွင့်ပွဲအခမ်းအနားကို ညနေ(၆)နာရီတွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 အဆိုပါ အခမ်းအနား ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား(MRTV) ၊ MITV ၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC) ၊ Skynet Up To Date ၊ Channel 9 ၊ တိုင်းရင်းသား ၊  Fortune TV ၊ DVB ၊ မြန်မာ့အသံရေဒီယိုအစီအစဉ်နှင့် Ministry of Information Facebook Page ၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့တွင် ယင်းနေ့ နံနက်(၇)နာရီ (၁၅)မိနစ် အချိန်နှင့် ညနေ (၅)နာရီ (၄၅)မိနစ်တို့မှ စတင်၍ တိုက်ရိုက်(Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)