နေပြည်တော် ၅ ဖေဖော်ဝါရီ
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနား ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း(NRC)၊ Skynet Up To Date ၊ Channel 9 ၊ တိုင်းရင်းသား၊ Fortune TV ၊ DVB ၊ မြန်မာ့အသံရေဒီယိုအစီအစဉ်နှင့် Ministry of Information Facebook Page ၊ MRTV Facebook Page၊ Myanmar Digital News Facebook Page နှင့် Skynet DTH Facebook Page တို့တွင် ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်