နေပြည်တော် ၁၂ ဇန်နဝါရီ
“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ဟု အမည်ပေးထားသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ ကျိုက္ကဆံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် လည်းကောင်း၊ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ညနေ ၅ နာရီတွင် လည်းကောင်း အဆိုပါပွဲတော်ကျင်းပရာ ကျိုက္ကဆံကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။
မောင်မောင်မျိုး