ရွှေသောင်ယံ၊                   ၁၂      ဇွန်


ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကာကွယ်နှိမ်နင်းရေး အတွက် ပုသိမ်မြို့နယ် ကျန်းမာရေးဌာနမှ ခြင်ဆေးမှိုင်းမှုတ်ခြင်းလုပ်ငန်းကို  ဆောင်ရွက် ပေးရာ ဇွန် ၁၂ ရက်က ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာရှိ သွေးလွန်တုပ်ကွေး ဖြစ်ပွားလျက်ရှိသော အိမ် ငါးလုံး၊ ဝက်သေကျေးရွာရှိ သွေးလွန် တုပ်ကွေး ဖြစ်ပွားသော အိမ် နှစ်လုံးတို့ကို ခြင်ဆေးမှိုင်းမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံ၊ အထကရွှေသောင်ယံ၊ အထက အုန်းချောင်း၊ အလက ဝက်သေ စသည့် အခြေခံပညာကျောင်းများ၌ ခြင်ဆေးမှိုင်းမှုတ်ခြင်းလုပ်ငန်း တို့ကို ဆက်လက်ဆောင်ရွက်ပေးသွားည် ဖြစ်ကြောင်းသိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)