ပေါင်းတည် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လူနာစောင့်များအား ဖုံးသွန်လဲစစ်လုပ်ငန်းများကို မိမိတို့ရပ်ရွာများတွင် ဆောင်ရွက်နိုင်ရေးတို့အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ထို့အပြင် ယခုရက်သတ္တပတ်တွင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းသန်းချစ်က အနီးကပ်စီမံကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ကုသရေး လုပ်ငန်းလမ်းညွှန် သင်တန်းနှင့် ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)


