လှိုင်းဘွဲ ၁၉ မေ
မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများ ပြည်သူသုံး ရေတွင်း၊ ရေကန်များနှင့် နေအိမ်များသို့ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေး များ ထည့်ပေးခြင်း၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ က ကမော့လဲကျေးရွာအုပ်စုအတွင်း၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ခြင်းလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျန်းမာ ရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တာဝန်ရှိသူ များလိုက်ပါပြီး ပိုးလောက်လန်းများ ပေါက်ဖွားနှုန်းမရှိစေရေးအတွက် ကျေးရွာအတွင်း လှည့်လည် ၍ အသိပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် သွေးလွန်တုပ်ကွေး ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်းနှင့် နေအိမ်ဘေး ပတ်ဝန်းကျင်များကို အမြဲမပြတ် သန့်ရှင်းရေး ပြုလုပ်ကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


