မန္တလေး ၁၂ အောက်တိုဘာ
အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် Semi Lockdown ချထားသော လမ်းတချို့ကို ဖြေလျော့ပေးခဲ့ကြောင်း ရပ်ကွက်တာဝန်ရှိသူများထံက သိရသည်။
အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် Semi Lockdown ချထားသော သဇင်လမ်း၊ ဂန္ဓမာလမ်းနှင့် စိန်ပန်းလမ်းကြား၊ နယ်မြေ(၄)သည် ပိုးတွေ့လူနာများ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ပြန်လည် ဆင်းလာခြင်း၊ ဆက်စပ်လူနာအားလုံးသည် Quaratine ဝင်ရောက်နေခြင်းမှ ပြန်လည်ရောက်ရှိလာခြင်း၊ အဆိုပါ နေရာများတွင် နောက်ထပ် ပိုးတွေ့လူနာ ထပ်မံမတွေ့ရှိတော့ခြင်းကြောင့် Semi Lockdown မှ Stay At Home အဆင့်သို့ လျော့ချလိုက်ကြောင်း သိရသည်။
Stay at Home နေထိုင်စဉ် လိုက်နာရမည့် စည်းကမ်းများအား လှည့်လည် ကြေငြာထားကြောင်း သိရသည်။
ယာယီပိတ်ထားသည့် နန်းရတနာစျေးအား ယနေ့ မနက်ပိုင်းမှ စတင်ပြီး သတ်မှတ်စည်းကမ်းနှင့်အညီ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။
ဖြိုးအိ


