သေနတ်ပစ်ခတ်မှု သံသယရှိသူကို နယ်သာလန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ယူထရက်မြို့တော်တွင် ဓာတ်ရထားတစ်စင်းအတွင်း  သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်တွင် သံသယရှိသူတစ်ဦးကို နယ်သာလန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သည့်  အဆိုပါဖြစ်ရပ်တွင် လူ ၅ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူသုံးဦးမှာ အခြေအနေဆိုးရွားနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အသက်၃၇နှစ်အရွယ် ဂေါ့မင်းတာနစ်ဆိုသူကို စောင့်ကြည့်ကင်မရာမှတစ်ဆင့် ဖော်ထုတ်ခဲ့သည်။

ရဲတပ်ဖွဲ့သည် နောက်ပိုင်းတွင် တူရကီလူမျိုးတစ်ယောက်ကို အခင်းဖြစ်ပွားရာနေရာမှ သုံးကီလိုမီတာအကွာတွင် တွေ့ရှိခဲ့ပြီး ဖမ်းမိခဲ့သည်။

 

mdn

 

အဆိုပါ တိုက်ခိုက်မှုအတွက် အလွန်စိတ်ထိခိုက်မိကြောင်း နယ်သာလန်ဝန်ကြီးချုပ် မာခ့်ရူတီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားရသည့် မေးခွန်းများနှင့် ကောလဟလများစွာ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သေနတ်သမားသည် ၎င်း၏ ဆွေမျိုးတစ်ဦးကို အဓိကထား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တူရကီ မီဒီယာများက သေနတ်သမား၏ ဆွေမျိုးများကိုကိုးကား၍ ဖော်ပြခဲ့သည်။ မိသားစုကိစ္စများကြောင့် ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အစိုးရရှေ့နေ့တစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn