ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအနှံ့ဆီကို စီးဆင်းနေတဲ့ သွေးတွေက အသက်ရှင်နေစေဖို့ပဲ မဟုတ်ပါဘူး။ ရောဂါတွေခံစားရနိုင်ခြေနဲ့ ဘယ်လိုရောဂါတွေကူးစက်ခံထားရပြီလဲဆိုတာကို အဖြေထုတ်ပေးဖို့ပါအထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာပြီး ရောဂါကင်းစေဖို့ သွေးစစ်ကြဖို့တိုက်တွန်းပါရစေနော်။

 

သွေးစစ်သင့်တယ်လို့ပြောရတဲ့ အကြောင်းအရင်း

 

ရောဂါတော်တော်များများကို သွေးကနေတဆင့်သိနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ဖြစ်ဖြစ် ကုသဖို့ အတွက်ဖြစ်ဖြစ် ရောဂါရှိနေတယ်ဆိုတာကို သိမှဖြစ်မှာပါ။ ဒီတော့ ကျန်းမာပြီး ရောဂါကင်း စေဖို့ဆိုရင် ပုံမှန်သွေးစစ်နေဖို့လိုပါမယ်။ သွေးစစ်တာက ကျန်းမာရေး စောင့်ရှောက် ပေးသူတွေကို သင့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အချက်အလက်တွေ အများကြီးပေးနိုင်ပါတယ်။ အချို့အခြေအနေတွေက ကိုယ်တိုင်သိထားပြီး ဂရုစိုက်ဖို့လိုအပ်တဲ့ အခြေအနေတွေဖြစ်တာကြောင့် ပုံမှန်သွေးစစ်တာကို လုပ်သင့်ပါတယ်။

 

ဘယ်လောက်တစ်ကြိမ် သွေးစစ်သင့်လဲ…..

 

အချို့ရောဂါပိုးတွေက ကူးစက်ခံရပြီးပြီးချင်းမှာ ရောဂါလက္ခဏာမပြတတ်သလို သွေးထဲမှာလည်း ပြမနေတတ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ သွေးထဲမှာ ရောဂါပိုးရှိနေတယ်ဆိုတာကို ပြသလာပါတယ်။ ဒါကြောင့် ပုံမှန် ၆လတစ်ကြိမ် သွေးစစ်သင့်ပါတယ်။

 

သွေးစစ်တဲ့အမျိုးအစားက တစ်ခုထဲရှိတာလား……

 

သွေးစစ်တဲ့အမျိုးအစားက တစ်ခုမကရှိပါတယ်။ ဒါတွေက

 

•           သွေးဆဲလ်အရေအတွက်ကို စစ်တာ (CBC)

 

•           Blood chemistry tests (သွေးတွင်းက ရောဂါပိုးတွေကို စစ်ဆေးတာပါ)

 

•           သွေးတွင်းအင်ဇိုင်းပမာဏကို စစ်ဆေးတာ

 

•           နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို သွေးစစ်ဆေးအဖြေထုတ်တာဆိုပြီးရှိပါတယ်။

 

သွေးစစ်တာကနေ ဘာတွေများသိနိုင်မလဲ…

 

သွေးစစ်တာကနေ ဒါတွေသိနိုင်ပါတယ်။

 

သွေးအမျိုးအစား ( အရေးပေါ်သွေးလိုအပ်တဲ့အခါ အဆင်ပြေလွယ်ကူစေနိုင်ပါတယ်)

 

•           သွေးတွင်းသကြားဓာတ်

 

•           သွေးတွင်းကိုလက်စထရော

 

•           သွေးတွင်းယူရစ်အက်ဆစ်ပမာဏ

 

•           သွေးတွင်းသံဓာတ်

 

•           သွေးတွင်းကယ်လ်ဆီယမ်ဓာတ်

 

•           ကိုယ်တွင်းအင်္ဂါတွေကျန်းမာရဲ့လား

 

•           သိုင်းရွိုက်ဟော်မုန်းအခြေအနေ

 

•           အဆစ်ရောင်လေးဖက်နာပိုးရှိလား

 

•           အသည်းရောင်အသားဝါ A ပိုး

 

•           အသည်းရောင်အသားဝါ B ပိုး

 

•           အသည်းရောင်အသားဝါ C ပိုး

 

•           HIV ရောဂါပိုး

 

•           အီဘိုလာဗိုင်းရပ်စ်

 

•           ကျောက်ကပ်ရောဂါဖြစ်နိုင်လား

 

•           အသည်းထိခိုက်နေလား

 

•           နှလုံးရောဂါဖြစ်နိုင်ခြေရှိလား

 

•           ဆီးချိုရောဂါခံစားနေရလား

 

•           ကင်ဆာဖြစ်နိုင်ခြေရှိနေလားဆိုတာတွေကို သွေးစစ်တာကနေတဆင့် သိနိုင်ပါတယ်။

 

သွေးစစ်တာကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ……….

 

သွေးစစ်ဆေးတာကြောင့် အခုလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

 

•           ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ သိုင်းရွိုက်တွေ ကောင်းကောင်းအလုပ်လုပ်နေလားဆိုတာကို သိရှိနိုင်မယ်

 

•           ကင်ဆာ၊ ဆီးချို၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ရောဂါခံစားနေရလားဆိုတာကို သိရှိစေနိုင်မယ်

 

•           သောက်တဲ့ဆေးတွေ ခန္ဓာကိုယ်မှာ ကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာကို သိရှ ိစေနိုင်မယ်

 

•           သွေးယိုစီးနိုင်ခြေ၊ သွေးခဲနိုင်ခြေရှိလားဆိုတာကို သိရှိနိုင်မယ်

 

•           ကိုယ်ခံအားစနစ်ကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာကို သိရှိစေနိုင်မယ်

 

•           သံဓာတ်အားနည်းတာကြောင့် သွေးအားနည်းရောဂါဖြစ်လာနိုင်လားဆိုတာကို သိနိုင်မယ်

 

•           ဗီတာမင် နဲ့ သတ္တုဓာတ်တွေအားနည်းနေလားဆိုတာကို သိရှိစေနိုင်မယ်

 

•           နာတာရှည်ရောဂါတွေ ခံစားနေရလား၊ ခံစားရနိုင်ခြေရှိလားဆိုတာကို သိရှိနိုင်မယ်

 

•           ရောဂါတွေကို အစောပိုင်းအဆင့်မှာကတည်းက သိရှိစေနိုင်မယ် စတဲ့ အကျိုးကျေးဇူး တွေကို ရရှိစေနိုင်ပါတယ်။

 

ကျန်းမာနေစေဖို့ပဲဖြစ်ဖြစ် ရောဂါတွေကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် သွေးကို ၆ လတစ်ကြိမ် ပုံမှန်စစ်ဆေး ပေးသင့်ပါတယ်နော်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”