ဖေဖော်ဝါရီ ၂၃ ရက်
ဆန်းသစ်သော နည်းပညာများကို ဖန်တီးတီထွင်နေသည့် ရုရှားနိုင်ငံ သိပ္ပံမြို့တော်တစ်ခုဖြစ်သည့် အင်နိုပိုလစ်မြို့တော်သည် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တွင် ကျင်းပမည့် SIBUR Cybathletics ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပါသည်။ ရုရှား၊ ဗီယက်နမ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ဆော်ဒီအာရေဗျနှင့် တောင်အာဖရိကစသည့် နိုင်ငံ ၁၀ နိုင်ငံမှ the Game of the Future အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားတိုင်းသည် အဆိုပါအစီအစဉ်အတွက် ချန်ပီယံဖြစ်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်သည်။