ပခုက္ကူ ၇ အောက်တိုဘာ
သီဟိုဠ်ရှင်မြတ်စွာဘုရား သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် (၅)ကြိမ်မြောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာ ၆ ရက် ည ၆ နာရီက သီဟိုဠ်ရှင်ဘုရာကြီးမိုးလုံလေလုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာပြိုင်ပွဲကို သီဟိုဠ်ရှင်ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဌ ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဌ ဦးမော်စီက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးစားနှစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲနှစ်ရပ်သို့ အသင်းပေါင်း ၅၅ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အောက်တိုဘာလ ၁၁ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုတမာ