နေပြည်တော် နိုဝင်ဘာ ၁၀

 

သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော်” တေးဂီတဖျော်ဖြေမှု  ပွဲစဉ်(၇)ကို နိုဝင်ဘာ ၁၂ ရက်၊ သောကြာနေ့  ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

ယင်းအစီအစဉ်ကို “စန္ဒရား ဘိုတာထွန်းညွန့် တေးဂီတအဖွဲ့”၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြ သည့်  အိအိချွန်၊ ကျော့ကေခိုင်၊ မြတ်နိုးစံ၊ ကောင်းမြင့်စံ၊ ကိုထက်၊ ကျော်ထက်လွင်၊ သဲဦးသစ္စာ၊ ပြည်မိုး၊ ပွင့်စံပယ်နှင့် ဟိန်းဇော်လင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

 “သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော်တင်ဆက်မှုကို နိုဝင်ဘာ ၁၄ ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)