သီပေါ-ကျောက်မဲ နောင်အန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်

သီပေါ ၂၂ မေ


ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး၊ သီပေါ၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နယ် နောင်အန်းကျေးရွာအနီး မိုင်တိုင် (၁၁၈/၃)တွင် ယနေ့နံနက် ၅ နာရီခွဲက ယာဉ်မောင်း ဝင်းမင်းထိုက် မောင်းနှင်၍ ရန်ကုန်မှ မူဆယ်သို့သွားမည့် ဂျူဗီတာခရီးသည်တင်ယာဉ်အမှတ်…. သည် အရှိန်လွန်ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။


အခင်းဖြစ်ရာသို့ ကျောက်မဲခရိုင်အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ကျော်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ သီပေါယာဉ်ထိန်းတပ်ကြပ်ကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းကာ လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။


စိုင်း(သီပေါ)