သီပေါ မေ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် မေ ၆ ရက်က ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံ စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာ ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးက သွင်းအားစုထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တောင်သူများက သိရှိလိုသည်များမေးမြန်းကြပြီး မျိုးစေ့နှင့် ဓာတ်မြေဩဇာများအား တာဝန်ရှိသူများက စိုက်ပျိုးရေးတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)