သီပေါ   ဇန်နဝါရီ    ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍  ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက အောင်စေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်း ခဲ့ကြသည်။

 

လှူဒါန်းရာတွင် ဆန် လေးအိတ်နှင့် ပဲဆီ နှစ်ပုံးကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့၊ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော်က လက်ခံရယူခဲ့ ကြောင်း သိရသည်။

 

ခင်လေး(ပြန်/ဆက်)