သီပေါ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ရဟန်း သံဃာ၊ သီလရှင်များနှင့် ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့တော်ခန်းမဆေးထိုးစုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့လူဦးရေ ၄၀၀ ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ များကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အလားတူ နမ့်လန်ကျေးရွာ၊ ဘော်ကြိုကျေးရွာနှင့် ဆောင်ကြဲကျေးရွာရှိ ဆေးထိုးစုရပ်များတွင် လည်းအသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)


