သီပေါ  ၁ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၌ ယနေ့ နံနက် ၇ နာရီက တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၁၆၀ ဦးအား သီပေါအထွက်ဂိတ်၌ ကျန်းမာရေးစစ်ဆေးပြီး ကျောက်မဲအဝင်ဂိတ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်ရှိ မန္တလေးနှင့် လားရှိုးဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီး စင့်အင်ချောင်းကူးတံတား၌ တရုတ်နိုင်ငံမှ ကား (၃၀) စီးနှင့် ဆိုင်ကယ် (၂၉)စီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ကျား/မ (၁၆၀) ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ကြိုဆိုခဲ့ပြီး မြို့အထွက်ဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ ကျောက်မဲမြို့အဝင်ဂိတ်အထိ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ကြီးကြပ်မှုဖြင့် မြို့အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

စိုင်း(သီပေါ)