သီပေါ နိုဝင်ဘာ ၂

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ  ကူးစက်ပြန့်ပွားမှု လျော့နည်းလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  နိုဝင်ဘာလ (၁)ရက်နေ့နံနက်ပိုင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်  သီပေါမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

           

အဆိုပါ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ထားရှိမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးစကားပြောကြားပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

 

အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းများပြန်လည်တက်ရောက် လျက်ရှိကြောင်း သိရသည်။

 

ခင်လေး(သီပေါ၊ပြန်/ဆက်)