နေပြည်တော် ၂၉  ဩဂုတ် 

 

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ဆင်ကျော့ကျေးရွာအနီး မိုင်းရယ်- သီပေါကားလမ်း မိုင်တိုင်အမှတ်(၂၈/၁-၂)ကြား၌ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က မော်တော် ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သီပေါမြို့ဘက်မှ မိုင်းရယ်ဘက်သို့  မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ “ဆ”ရပ်ကွက်နေ လှိုင်မျိုးထွန်း(၃၃)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အောင်ချစ်ကို (၂၈)နှစ်လိုက်ပါလာသည့် 3D/xxxx ဟုန်းရမ်း ၂၂ ဘီးယာဉ်သည် အခင်းဖြစ်နေရာ အရောက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်စလစ်ဖြစ်ကာ ဆီတိုင်ကီအဖုံးပွင့်ပြီး ဆီတိုင်ကီဘေးရှိ ဝိုင်ယာကြိုးများ ပွတ်တိုက်မိရာမှ မီးပွင့်ထွက်၍ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကို   ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁ နာရီခန့်အကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

(ရဲပြန်ကြား)