mdn

 

သီပေါ ဩဂုတ် ၃၀

    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်း အဖွဲ့တို့သည် ယမန်နေ့ နံနက်ပိုင်းက ရွှေမောင်းသီလရှင်စာသင်တိုက်ရှိ သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
    
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါစာသင်တိုက်ရှိ သီလရှင်(၁၅၅)ပါး အား RDT Test Kit ဖြင့်  ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးပေးခဲ့ရာ သီလရှင်(၁)ပါး၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုပေးလျက်ရှိကြောင်းသိရသည်။
    
ဆက်လက်၍ ရွှေမောင်းသီလရှင်စာသင်တိုက်သို့ အဆိုပါပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်စည်း(Mask)၂၀၀၀ခု ၊ Hand Gel (၅) ဘူး၊ Hand Spray (၂)ဘူးတို့ကို လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းမှ စာသင်တိုက်အား ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင် သီလရှင်စာသင်တိုက်များသို့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဆက်လက်၍သွားရောက် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှသိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)