သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးပြီး နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများ သက်သာသည့် ဈေးနှုန်းဖြင့် ပြည်သူများအား အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးရှိ (၉)မိုင်လမ်းခွဲ၊ ခိုလုံကျေးရွာတွင် ဖွင့်လှစ်ထားသော(boc)စက်သုံးဆီအရောင်းဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92-RON)(1 Liter)လျှင် (၁၁၈၇)ကျပ်နှုန်း ၊ ဓာတ်ဆီ(95-RON)(1 Liter)လျှင်(၁၆၂၅)ကျပ်နှုန်း၊ ဒီဇယ်ဆီ(1 Liter)လျှင် (၁၁၇၇) ကျပ်နှုန်း၊ ပရီမီယမ် ဒီဇယ်ဆီ(1 Liter)လျှင်(၁၁၈၄) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း အဆိုပါ စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)