သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်း(၇)ရပ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းသည် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ မသန်စွမ်းအမျိုးအစား(၄)မျိုးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေများ၊ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက် ပြုကျင့်ခြင်းများ ရှိခဲ့လျှင် ဥပဒေအရ ကာကွယ်ပေးနိုင်မှု၊ မသန်စွမ်းသူများရသင့်ရထိုက်သော အခွင့်အရေးများရရှိရန် ပြဋ္ဌာန်းထားသော ဥပဒေများအကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)