သီပေါ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်းမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မေလမှ စတင်၍ ချေးငွေများထုတ်ချေးပေးခဲ့ရာ ယခုအခါ အားလုံးထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ချေးငွေများ ထုတ်ချေးပေးရာတွင် ၂၀၂၁ခုနှစ်အတွက် စိုက်ပျိုးစရိတ်များကို ကျေးရွာအုပ်စု ၃၅ အုပ်စုမှ တောင်သူ (၃၆၃၉)ဦး ကိုငွေကျပ်သိန်းပေါင်း (၂၅၈၉၁)ကိုထုတ်ချေးပေးခဲ့ပြီး ကျေးရွာ(၇၆)အုပ်စုမှ မိုးသီးနှံ စိုက်ပျိုးမည့် တောင်သူများအား စပါးတစ်ဧကလျှင်ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံတစ်ဧကလျှင်  ငွေကျပ် တစ်သိန်းနှုန်းဖြင့် အပြီးသတ်ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာထံမှသိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)