သီပေါ ၃ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မန်ဆန်းကျေးရွာနယ်မြေ(၁)တွင် မေ ၃ ရက် နံနက် ၄ နာရီ က အိမ်ရှင် ဒေါ်ရန်ခိုက်ဝေ၏ အိမ်တွင်သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ဆွေးမြည့် ပေါက်ပြဲ ပူးကပ်ရှော့ဖြစ်ကာ မီးတောက်ထွက်ပြီး နေအိမ်အား မီးကူးစက်လောက်ကျွမ်းခဲ့ရာမှ လူနေ အိမ် ၁၄ လုံး မီးလောင်ကျွမ်းကာ အမျိုးသား၊ အမျိုးသမီး ၃၃ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်ရဲဘော်များ၊ လားရှိုး ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ဦးစီးမှူး ဦးဝင်းသောင်းနှင့် သန္ဓေ အရန်မီးသတ်ရဲဘော်များ ပူးပေါင်းပါဝင်သော အင်အား ၃၀ ကျော်တို့က မီးငြိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မန်ဆန်းကျေးရွာနေ ဒေါ်ရန်ခိုက်ဝေအား သီပေါမြို့မရဲစခန်းက အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)