သီပေါ ၂၂ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ပုရဝဏ်အတွင်းရှိ သီပေါသီတဂူစက္ခုဒါန (၄၇)ကြိမ်မြောက် မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသခြင်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း သီပေါသီတဂူစက္ခုဒါန ဆေးရုံကြီးကြပ်ပုဂ္ဂိုလ် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပညာသီရိက ယနေ့မိန့်ကြားသည်။
အဆိုပါ စက္ခုဒါနဆေးရုံ ပြန်လည်ဖွင့်လှစ်ချိန်၌ အသင့်ဖြစ်ရေးအတွက် ခွဲစိတ်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ တည်းခိုရာဆေးရုံ အဆောက်အအုံများကို ပြုပြင်မွမ်းမံ ဆေးသုတ်ခြင်းများ ဆောင်ရွက်ပြီး ဖွင့်မည့်ရက်ကို အတိအကျ မပြောနိုင်ဘဲ ကိုဗစ်-၁၉ အလွန်ကာလရောက်မှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။
စိုင်း(သီပေါ)


