သီပေါ ၂၂ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါတိုးဂိတ်၌ ယနေ့မွန်းလွဲ ၂ နာရီက လားရှိုးမှ မန္တလေးသို့ ဆင်းမည့် ယာဉ်မောင်း ဇော်မျိုးမောင်းနှင်သော ၁၂ ဘီးယာဉ်သည် ဘရိတ်ပေါက်၍ တိုးဂိတ်ကောင်တာကို ဝင်တိုက်မိရာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး၏ ဦးခေါင်းထိခိုက်မိသဖြင့် နယ်စည်းမခြား ပရဟိတမော်တော်ယာဉ်ဖြင့် သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စိတ်(သီပေါ) တာဝန်ခံ ရဲတပ်ကြပ်ကြီး ဝင်းဇော်လတ်နှင့် အဖွဲ့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး သီပေါမြို့မရဲစခန်းက အရေးယူအမှုဖွင့်ထားကြောင်း သိရသည်။
စိုင်း(သီပေါ)


