၂၂ ဧပြီ
သီရိလင်္ကာနိုင်ငံရှိ အကြမ်းဖက်လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်များက ပြစ်တင်ဝေဖန်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ဘေးဒုက္ခရောက်သူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး တီလက် မာရာပါနာ ထံသို့ ပေးပို့ခဲ့သော သဝဏ်လွှာတစ်စောင်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ဂျပန်ပြည်သူများသည် အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ဘေးဒုက္ခရောက်သူများအတွက် ဆုတောင်းမေတ္တာပို့သခြင်း ၊ကျန်ရစ်သူမိသားစုများထံ ထပ်တူဝမ်းနည်းပူဆွေးပါကြောင်း ပေးပို့ခြင်းနှင့်ထိခိုက် ဒဏ်ရာရသူများကိုလည်း ကရုဏာဖြစ်မိပါကြောင်း ဖော်ပြထားသည်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ က သီရိလင်္ကာနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို အမှန်တကယ်ထိတ်လန့်တုန်လှုပ်မိသည်ဟု တွစ်တာတွင် ရေးသားထားသည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ ကလည်း သီရိလင်္ကာရှိ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တွစ်တာတွင် ရေးသားဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း အမေရိကန်ပြည်သူများသည် သီရိလင်္ကာပြည်သူများကို အူလှိုက်သည်းလှိုက် ထပ်တူဝမ်းနည်းပါကြောင်းနှင့် အမေရိကန်ပြည်ထောင်စုက ကူညီရန်အဆင်သင့်ဖြစ်ကြောင်း တွစ်တာတွင် ရေးသားထားသည်။
ဘာသာပြန်- မြင့်မြင့်ချို