ကိုလံဘို  ဖေဖော်ဝါရီ  ၂၇

ခြောက်သွေ့သည့် ရာသီဥတုအခြေအနေကြောင့် နိုင်ငံ၏ခရိုင်အချို့တွင် ရေပေးဝေမှု ပြတ်တောက်ခဲ့ သဖြင့် သီရိလင်္ကာအမျိုးသားရေပေးဝေရေးနှင့် ရေနုတ်မြောင်းဘုတ်အဖွဲ့က ရေကိုချွေတာစွာ အသုံးပြုရန် ပြည်သူများအား တိုက်တွန်းထားသည်။

အဆိုပါ   ဘုတ်အဖွဲ့သည်  မော်တော်ယာဉ်များဆေးကြောခြင်းနှင့်   နေအိမ်များတွင်   ဥယျာဉ်များ စိုက်ပျိုးခြင်းကဲ့သို့သော လုပ်ငန်းများအတွက် ရေကို အတတ်နိုင်ဆုံးချွေတာအသုံးပြုရန်  ပြည်သူ များကို တောင်းဆိုခဲ့ကြောင်း၊  သောက်သုံးရေများ ပေးဝေရာတွင်   အသုံးပြုသည့်  ရေလှောင်ကန် များ၏    ရေပမာဏမှာ  လျင်မြန်စွာ လျော့နည်းနေကြောင်း သိရသည်။

ဖေဖော်ဝါရီ  ၂၇ ရက် ဒေသစံတော်ချိန်  နံနက်  ၉ နာရီတွင်  လူပေါင်း ၁၂၀၀၀ ကျော်  ရေရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး  သက်ဆိုင်ရာအာဏာပိုင်များက ထရပ်ကားများဖြင့်     ရေများပေးဝေခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာက ပြောကြားသည်။                             

ဆင်ဟွာ