ကိုလံဘို ၂၉ ဧပြီ
သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်မှုများကိုကျူးလွန်ခဲ့သည့် အသေခံဗုံးခွဲသူများ အနက်တစ်ဦးသည် ဩစတြေးလျနိုင်ငံတွင် ဘွဲ့လွန်ဒီပလိုမာတန်း တက်ရောက်အောင်မြင်ခဲ့သူဖြစ်သည်ဟု သီရိလင်္ကာစုံစမ်းစစ်ဆေးသူများက ဆိုသည်။
အသေခံဗုံးခွဲတိုက်ခိုက်သူ အဗ်ဒူလက်သီဖ် မိုဟာမက် ဂျမီးလ်သည် ၂၀ဝဝ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိတိုင်ဩစတြေးလျနိုင်ငံတွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်ရောက်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
အိုင်အက်စ် စစ်သွေးကြွေအဖွဲ့အတွက် တပ်သားရှာဖွေစုဆောင်း သူတစ်ဦးက မိုဟာမက် ဂျမီးလ်နှင့်ဆက်သွယ်မှုရှိခဲ့ပြီးနောက် ဩစတြေးလျရဲအရာရှိများက မိုဟာမက်ဂျမီးလ်အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိခဲ့ကြောင်း ဩစတြေးလျမီဒီယာတစ်ခုက သတင်းဖော်ပြသည်။
မိုဟာမက်ဂျမီးလ်သည် သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ယခင်ကနှင့် တူညီမှုမရှိတော့ကြောင်း သူ၏ညီမကမီဒီယာသို့ ပြောကြားခဲ့သည်။ မုတ်ဆိတ်မွေးအရှည်များထားကာ အစွန်းရောက်အတွေးအခေါ်များကိုတတွတ်တွက် ရေရွတ်နေတတ်သည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
မိုဟာမက် ဂျမီးလ်အပြင် အခြားသော အသေခံဗုံးခွဲတိုက်ခိုက်သူများသည်လည်း ချမ်းသာသောမိသားစုပညာတတ်အသိုင်းအဝိုင်းများမှဖြစ်ကြသည်ဟု သီရိလင်္ကာ အာဏာပိုင်များက ဆိုသည်။
ဧပြီ ၂၁ ရက်တွင် သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုမြို့နှင့်ဝန်းကျင်ရှိခရစ်ယာန်ဘုရားကျောင်းများနှင့်ဟိုတယ်များ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂၅၃ ဦး သေဆုံးခဲ့သည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်သူများသည် ဒေသတွင်းမွတ်စလင်အစွန်း ရောက်အဖွဲ့မှ အမျိုးသားရှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချမှတ်ထားသည်။
အင်န်အိတ်ချ်ကေ