ဇူလိုင် ၂၆

သီရိလင်္ကာကျန်းမာရေးအာဏာပိုင်များက မိုးလုံလေလုံအခန်းများ၊ အများပြည်သူခရီးသွားလာရာနေရာများ သို့မဟုတ် လူစုလူဝေးရှိရာနေရာများတွင် ပါးစပ်၊ နှာခေါင်းစည်းများဝတ်ဆင်ကြရန် ပြည်သူများအား  ယနေ့တွင် အကြံပြုပြောကြားထားသည်။

ကျန်းမာရေးဌာနညွှန်ကြားရေးမှူးချုပ် အာစီလာဂူနာဝါဒီနာက သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှုများ မြင့်တက်လာဖွယ်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။

နိုင်ငံ၏အနောက်ပိုင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပိုမိုမြင့်မားလာသည်ကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက သတိပြုမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ် ဇွန်လက ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်မှုဆိုင်ရာစည်းမျဉ်းကို ရုပ်သိမ်းခဲ့သော်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားရသူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ရန်လိုအပ်ကြောင်း အကြံပြုထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို