ကိုလံဘို နိုဝင်ဘာ ၂၂
သမ္မတရွေးကောက်ပွဲနှင့် လွှတ် တော် ရွေးကောက်ပွဲ နှစ်ခုစလုံးကို ၂၀၂၄ ခုနှစ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် သီရိလင်္ကာသမ္မတ ရာနေးလ်ဝစ်ခရီမီဆင်းဂီ က လွှတ်တော်သို့ ပြောကြားလိုက်သည်။
သမ္မတ ရာနေးလ် ဝစ်ခရီမီဆင်းဂီသည် သီရိလင်္ကာနိုင်ငံ၏ လူကြိုက်အများဆုံး အားကစားများထဲမှ တစ်ခုဖြစ်သည့် ခရစ်ကတ်အားကစားရင်ဆိုင်နေရသော အကျပ်အတည်းအပါအဝင် အခြေအနေ အရပ်ရပ်နှင့်ပတ်သက်ပြီး လွှတ်တော်သို့ အထူးထုတ်ပြန်ချက်တစ်ရပ်ကို တင်သွင်းနေစဉ် အဆိုပါ ကြေညာချက်ကို တစ်ပါတည်း ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ရွေးကောက်ပွဲများရွှေ့ဆိုင်းမည်ဆိုသော စွပ်စွဲချက်များကို ၎င်းက ငြင်းဆိုထားသည်။ ထို့အပြင် ဒေသန္တရရွေးကောက်ပွဲများကိုလည်း ၂၀၂၅ ခုနှစ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ သီရိလင်္ကာနိုင်ငံအစိုးရက ရွေးကောက်ပွဲကျင်းပရန် ရန်ပုံငွေမလုံလောက်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်က ယခုနှစ်အစောပိုင်းတွင် ဒေသန္တရ အစိုးရရွေးကောက်ပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။
လာမည့် ရွေးကောက်ပွဲများအတွက် ရူပီး ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း) ကို သီးသန့်ထားရှိထားကြောင်း စိုက်ခင်း၊ လုပ်ငန်းပြုပြင်ပြောင်းလဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ရန်ဂျစ်က ထုတ်ပြန်ကြေညာထားသည်။
ဆင်ဟွာ