မေ ၂၃

 

သီရိလင်္ကာမိုးလေဝသဌာနက နိုင်ငံအနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ယမန်နေ့က ပြောကြားသည်။

 

နိုင်ငံအနောက်တောင်ပိုင်း မိုးရေချိန် ၁၀၀ မီလီမီတာအထက် မိုးသည်းထန်စွာရွာသွန်းနိုင်ဖွယ်ရှိသည်ဟု ထိုဌာနကဆိုသည်။

 

သို့ဖြစ်၍ ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုတို့ကြောင့် ဆုံးရှုံးမှုနည်းပါးစေရန် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြရန် ထိုဌာနက တိုက်တွန်းပြောကြားထားသည်။

 

ယမန်နေ့ကထုတ်ပြန်သော မိုးလေဝသခန့်မှန်းချက်အရ အနောက်တောင်ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၀နှင့် ၃၀ အကြားရှိနိုင်သည်ဟု သိရသည်။

 

အနောက်တောင်မုတ်သုံလေသည် သီရိလင်္ကာနိုင်ငံအနောက်တောင်ပိုင်းသို့ မေလမှ စက်တင်ဘာလအတွင်းရောက်ရှိကာ မိုးရွာသွန်းနိုင်သဖြင့်  ရေကြီးမှု၊ မြေပြိုမှုဆိုင်ရာ သတိပေးချက်များကို  ထိုကာလအတွင်း မကြာခဏထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို