ကိုလံဘို၊ ဒီဇင်ဘာ ၃

 

သီရိလင်္ကာနိုင်ငံ ဟန်သာနားတောင်တန်း၌ သောင်တင်နေသော တက္ကသိုလ် ကျောင်းသား ၁၈၀ ခန့်ကို သီရိလင်္ကာ တပ်မတော်နှင့် ရဲအရာရှိများက ယနေ့ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အဆိုပါကျောင်းသားများသည် နိုင်ငံ၏အနောက်ပိုင်းပြည်နယ် ရာဂါမာရှိ ကီလာနီယာတက္ကသိုလ်၏ ဆေးပညာဌာနမှ ဖြစ်ကြောင်း  သိရသည်။

 

ကျောင်းသားများသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တောင်တက်ခရီး စတင်ခဲ့ပြီး မြူများနှင့် မိုးရွာသွန်းမှုကြောင့် လမ်းခုလတ်တစ်နေရာတွင် လမ်းပျောက်ခဲ့ခြင်းဖြစ်သည်။

 

သီရိလင်္ကာနိုင်ငံ၏ အလယ်ပိုင်းကုန်းမြင့်တွင်တည်ရှိသော ဟန်သာနားတောင်တန်းသည် တက္ကသိုလ် ကျောင်းသားများအတွက် ရေပန်းစားသော တောင်တက်ခရီးသွားနေရာတစ်ခုဖြစ်သည်။

 

အဆိုပါဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်စဉ်ကျောင်းသားအချို့ ပျောက်ဆုံးခဲ့ကြောင်း ရဲအရာရှိများက ဆိုသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်