၂၆ ဧပြီ

 

သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားနိုင်ကြောင်း သြစတြေးလျးက ဒီကနေ့ (သောကြာနေ့) မှာ သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အတွင်းမှာ  လူပေါင်း ၂၅၃ ဦး သေဆုံးခဲ့ပါတယ်။  သေဆုံးသူ ၃၉၀ ရှိကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က အရင်က ထုတ်ပြန်ထားခဲ့ပေမယ့် သေဆုံးသူစာရင်း ရေတွက်ရမှာ နှစ်ကြိမ်ထပ်တာတွေ အများအပြားရှိခဲ့တဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၂၅၃ ဦးသာရှိကြောင်း မနေ့ (ကြာသပတေးနေ့)က ပြန်လည်ထုတ်ပြန်ပါတယ်။

 

mdn

 

သြစတြေးလျး နိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံသားတွေကို အဲဒီကျွန်းနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် သတိထားဖို့လိုအပ်ကြောင်း၊ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားဖို့ ရှိနေကြောင်း၊ နိုင်ငံခြားသားများ အလည်အပတ်လာရောက်တဲ့ နေရာများအပါအဝင် တိုက်ခိုက်မှုအတွက် နေရာခွဲခြားနေမှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။

 

mdn

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း  “အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း၊ အဲဒီနေရာတွေဟာ နိုင်ငံခြားသားခရီးသွားများရှိတဲ့နေရာ၊ ဘုရားကျောင်းများနဲ့ လေဆိပ်များဖြစ်တယ်” လို့ ဆိုထားပါတယ်။

 

သြစတြေးလျးနိုင်ငံလိုဘဲ ဗြိတိန်၊ အမေရိကန်နဲ့ နယ်သာလန်နိုင်ငံတွေက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးကတည်း သူတို့နိုင်ငံသားတွေကို သီရိလင်္ကာနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် သတိထားဖို့ ကြေငြာချက်တွေ ထုတ်ပြန်ထားပါတယ်။

 

mdn

 

သီရိလင်္ကာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုဟာ IS အဖွဲ့က ထောက်ပံ့ထားတဲ့ နိုင်ငံတွင်းက အကြမ်းဖက်အုပ်စုက ပြုလုပ်တာလို့ ထောက်လှမ်းရေးသတင်းကို ကိုးကားပြီး သြစတြေးလျးဝန်ကြီးချုပ် ကပြောပါတယ်။

 

MDN

ကိုးကား - AFP