၃၀ ဧပြီ

သီရိလင်္ကာနိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့က အနည်းဆုံး လူပေါင်း ၂၅၀ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဖြစ်အပြီး သမ္မတ မိုင်သရီပါလာစီရီစီနာ က မျက်နှာ အဝတ်ဖုံးအုပ်ခြင်းကို အရေးပေါ်ဥပဒေပြဌာန်းပိုင်ခွင့် အသုံးပြုပြီး မနေ့က (တနင်္လာနေ့) က တားမြစ်လိုက်ပါတယ်။

မျက်နှာကို အဝတ်ဖုံးခြင်းအားဖြင့် အမှတ်အသားကို ဖုံးကွယ်သလိုဖြစ်နေတဲ့အတွက် လုံခြုံရေးအတွက် တားမြစ်လိုက်တာဖြစ်ကြောင်း၊ မွတ်စလင်အမျိုးသမီးများ ဝတ်ဆင်လေ့ရှိတဲ့ နီကပ် နဲ့ ဘာကာ လို့ အမည်တပ်ပြောဆိုခြင်းမရှိဘဲ တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒီတားမြစ်ချက်ကို မွတ်စလင်ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 

mdn

 

သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရတာ ၉ ရက်မြောက် ရှိပြီဖြစ်ပေမယ့် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်နိုင်သေးကြောင်း သတိပေးမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ 

အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိသူ ၁၅၀ ကျော်ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က စပြီး ဖမ်းထားပြီးပေမယ့် စစ်သွေးကြွအများအပြား ရှိနေဆဲလို့ သမ္မတက သတိပေးထားပါတယ်။ နိုင်ငံတဝှမ်းမှာ အကြမ်းဖက်တွေ ရှာဖွေရှင်းလင်းနေရာ ပြည်ဝင်ခွင့် ဗီဇာ ရက်ကျော်နေတဲ့ နိုင်ငံခြားသား ၁၃ ဦး (နိုက်ဂျီးရီးယား ၁၀၊ အိန္ဒိယ၊ အီရန်နှင့် ထိုင်း ၁ ဦးစီ) ကိုလည်း ဖမ်းဆီးထားပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းသတင်းမှာ ရေးသားထားပါတယ်။

 

mdn

 

သီရိလင်္ကာနိုင်ငံမှာ လူဦးရေ ၂၁ သန်းရှိရာ မူစလင် ၁၀ % နှုန်းအောက်သာ ရှိတယ်လို့ သိရပါတယ်။

MDN
ကိုးကား - AFP