ကိုလံဘို၊ ဖေဖော်ဝါရီ ၂၀
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ယာဉ်မတော် တဆမှုပေါင်း ၂၂၀၀ ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၂၅၅၇ ဦးရှိခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၉ ရက် တွင် သတင်းဖော်ပြခဲ့သည်။
သေဆုံးမှုအများဆုံး
၂၀၂၃ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် လမ်းသွားလမ်းလာများ သေဆုံးမှုအများဆုံးဖြစ်ပြီး ဆိုင်ကယ်စီးသူ ၇၀၇ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ နီဟာသာဒူဝါက ပြောကြားခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အနည်းဆုံးအရေအတွက်မှာ သီရိလင်္ကာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့မှ ပိုင်ဆိုင်သည့် ဘတ်စ်ကားများနှင့် ထရပ်ကားများ ပါဝင်ကြောင်း၎င်းက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယာဉ်မတော်တဆမှုစုစုပေါင်း ၂၃၉၅ မှုဖြစ်ပွားခဲ့ပြီး ၂၅၁၅ ဦး သေဆုံးခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် ယာဉ်မတော်တဆမှုစုစုပေါင်း ၂၅၁၃ မှုဖြစ်ပွားခဲ့ကာ ၂၄၁၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နီဟာသာဒူဝါက ပြောကြားခဲ့ သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်